Friday, January 7, 2011

ရည်ရွယ်ချက်

  • လူမှန်ရင် ရည်ရွယ်ချက်ရှိရမယ်
  • လူမှန်ရင် ရည်မှန်းချက်ရှိရမယ်
  • လူဆိုတာ မျှော်လင့်ချက်နဲ့ အသက်ရှင်တာ
  • လူဆိုတာ အနာဂတ်အတွက် အကျိုးပြုရမယ်
  • ငါတို့ .... ဘယ်လို စိတ်နဲ့
  • ငါတို့ .... ဘယ်လို အနေအထားနဲ့
  • ငါတို့ .... ဘယ်လို ခွန်အားနဲ့
  • အပေါ်က စာလေးကြောင်း လောက်ကို .....
  • အောက်ပါပုဂ္ဂိုလ်တွေက ကျော်ဖြတ်လို့ မပြီးသေးဘူးတဲ့

Tuesday, August 25, 2009

ငယ်ငယ်တုန်းက

ငယ်တုန်းက အတန်းထဲမှာ စာတော်တဲ့ သူများကျပြန်တော့ သူ့အတွေးကို ပြန်ပြောလေ့ရှိတယ်။ ငါကတော့ ဆရာဝန်ကြီး ငါကတော့ စစ်ဗိုလ်ကြီး ငါကတော့ အင်ဂျင်နီယာ။ကြိုးစားပြီး ကျက်မှတ်လိုက်ကြတာများ ဆုကိုတက်တက်စင် မလွဲဘူး။ ၀မ်း မဟုတ်ရင် တူးလောက်တော့ ရကျပါရဲ့။ သူတို့လေ သူတို့ပေါ့။ကျွန်တော်ကတော့ မဇ္စျိမ ပဋိပဋာ အလယ်အလတ် ၀ဲဂယတ်ထဲမှာ။ ကျောင်းစာတော်နေတော့လဲ စိတ်ကြီးတွေ ၀င်ရှာပေမပေါ့။ ဖတ်လိုက်တဲ့ ဗဟုသုတတွေကလဲ တက်ကျမ်းနဲ့ အားကျဖွယ်တွေ ချည်းပဲ။ပြန်ပြောပြလေ့ ရှိတာတွေကို ဖောက်သည်ချလိုက်ဦးမယ်။ ဒီလိုဗျ................... မောင်းဂွတ် စစ်ဘုရင် ဂျင်ဂျစ်ခန် ဆိုတာများကွာ စစ်ဗျူဟာ ပိုင်ပုံများ ချီစစ် တိုက်စစ် ခံစစ် ခွာစစ် စွယ်စုံကို ထောင့်စေ့အောင်တော်တာ။မြင်းစီးကလဲ ကျွမ်းသလားမမေးနဲ့ (သူပဲ မြင်ဖူးသလို ပြောပုံက အားရပါးရ) ။အရှေ့တရုတ်ပြည်ကနေ ခုပူတင် တို့ရဲ့ ရုရှားမြေအထိ တိုက်ခိုက် ဖျက်ဆီး ပြီး မောင်ပိုင်စီးခဲ့တာ သေတဲ့ အထိ စစ်မြေပြင်မှာ ပျော်တဲ့ဘုရင်ကြီးကွ ငါလဲ အဲ့သလို နိုင်ငံတော်ကို တည်ဆောက်မှာကွ( အဲ့ဒီလို အပြောမှာ ကျွန်တော် ခေါင်းငြိမ့်မိသလား ပါးစပ်ဟပြီး အံ့သြနေသည်လားကို ပင် မမှတ်မိတော့ချေ)။ ကျောင်းစာများထဲမှာလဲ တွေ့ရပါရဲ့။ အားကျဖွယ် စစ်ဘုရင်တွေ အနော်ရထာ နိုင်ငံတော်ကို စည်းရုံးနိုင်စွမ်း ရှိလိုက်တာ။ နောက်တစ်ယောက်က မင်းကြီးရန်နောင် ကိုယ်ကျိုးမဖက် သာသနာ့ဘေးကိုတားသည်။ နှိပ်စက်မှုကို ချေမှုန်းသည်။ န၀ဒေး (ရုပ်ရှင်ရုံမဟုတ်ပါ) ။န၀ဒေးတို့များကျပြန်တော့ စစ်သားတစ်ဖြစ်လဲ ရတုစာဆို ကဲ ...... အဲ့သလိုတွေ ကျောင်းစာမှာသင်နေရတဲ့ အခါ ဘယ်မှာများ ယောက်ျားကလေးပီပီ အားမကျပဲ နေမည်နည်း။ ငါလူကြီး ဖြစ်ရင် ငါ့နိုင်ငံတော် ငါ့နိုင်ငံသား ငါ့အမျိုးယဉ်ကျေးမှုကို ကမ္ဘာမှာ မြန်မာကွလို့ စွမ်းဆောင်မယ် ဆိုတဲ့ လူငယ်မောင်မယ် များဒုနဲ့ဒေး ....။ ခုတော့ ကိုယ့်ရဲ့အလုပ်ခွင်က စက္ကထွေးရီလေး (စက္ကထရီကို ခေါ်ခြင်းဟုမှတ်ပါလေ) ကိုတောင်စကားမာမာ မပြောရဲသော သူများက ဒုနဲ့ဒေး။ ဟုတ်သည် အဲ့ဒီအနောက်တိုင်းမှ ဆင်းသတ်လာသော အတွင်းရေးမှူးမလေးများ၏ အစဉ်အလာနှင့် လားလားမှ မသက်ဆိုင်သော ကျွန်တော်တို့နိုင်ငံမှာ သူရို့က ၀တ္တုတို့၊ ရုပ်ရှင်ဆောင်းပါတို့ကို ဖတ်ပြီး တယ်လီဖုန်း ပါးစပ်နားမှာ တေ့ကာ တေ့ကာ နားနားနေနေ အလုပ်လုပ်ချင်ရှာသည်။ ယင်းသူတို့အား ငေါက်ဖို့ အတော်ပင်ခက်မည်။ သူရို့ စိတ်ပေါက်ပေါက်နဲ့ စာရိုက်ရင် အမှားများနှင့် အလုပ်ဖင့်မည် ။ ဆူလဲ အလုပ်ကတော့ ဖင့်နေဦးမှာပဲ ဒါကတော့ ယခုခေတ် ခေါင်းဆောင် ဦးစီးများရဲ့ အားနည်းချက်ပေါ့။ အနော်ရထာ ခေတ်က ကွန်ပြူတာမှ မပေါ်သေး။ မကျေနပ် အသုံးမကျ နည်းနည်းလေး တိမ်းစောင်းတာနဲ့ တောင်စွယ်နေကွယ်ချိန်မှာ လေ ရွှေဓား ဆွဲလို့ သတ်တာ။ ခုခေတ်ကျတော့ ဟား ဟား ။ ခုခေတ်ကျတော့ မည်သည့် အဖွဲ့အစည်း မဆို အလုပ်ရှင် အလုပ်သမား အထက်လူကြီး အောက်လက်ငယ်သား စနစ်နဲ့က သွားမြဲပဲလေ။ စကားတောင်းစား ထဲက ခုံတော်မောင်ကျဘမ်းကလဲ ဆရာပစ္စည်းကို တန်းဖိုးထားပါ ဆိုတာနဲ့ ဆရာစီးနေတဲ့ မြင်းက သွားနေရင် ချီးပါချတာကို ကွမ်းအစ်ထဲ ကောက်ထည့်တာကလဲ သိတက်မှု တစ်ခုလိုပဲ။ ကလေးကို သေချာကြည့်ထားဆိုတဲ့ မှာကြားချက်ကိုလဲ ကလေး ပုခတ်ပေါ်က ဆင်းတယ်။ ကြည့်တယ်။ ကလေး ငိုတယ်။ ကြည့်နေတာပဲ။ ကုလေး ပြုတ်ကျတယ်။ ကြည့်တုန်းပဲ။ သေသွားရင်တောင် ကြည့်နေဦးမယ့် ဆရာရဲ့ ကြည့်ထားဆိုတဲ့ စကားကို လိုက်နာလိုက်ပုံကတော့ အားကျချင်သူများ အားကျနိုင်ပါရဲ့။ ရာဇာဓိရာဇ် အရေးတော်ပုံ ဆိုတာကြီးကို ကျွန်တော်တို့ သင်ခဲ့ရတယ်။ မြောင်းမြကို သိမ်းမယ့်ဇာတ်ဝင်ခန်းလေးကနေ ထုတ်နုတ်လိုက်ဦးမယ်။ မြောင်းမြ ... မြို့စားက လောက်ဖျား ။ ပုသိမ်သားတွေက လှေတွေ အားကြီးနဲ့ မြောင်းမြကို သိမ်းတော့မယ် ဆိုတော့ သူတို့ မသိမ်းနိုင်အောင် အဲ့ဒီပုသိမ်သားတွေကို ရာဇာဓိရာဇ်က နှိမ်နင်းဖို့ လဂွန်းအိမ်ကို အားကိုးတယ်။ ဟုတ်တာပေါ့ ။ အားကိုးသင့်တာပေါ့။ စစ်မြေပြင်ကို သွားရမှာက မောင်လဂွန်းကိုဗျ နော့။ အဲ့ဒါနဲ့ ညီလာခံမှာ မိဖုရား တလသုတမာယာကို ကဲ .. မိဖုရားကြီး ကွမ်းယာပြီး လဂွန်းအိမ် ကိုချီးမြှောက်တဲ့ အနေနဲ့ ကိုယ်တိုင် ဆက်သလို့ မိန့်သတဲ့လေ။ မိဖုရားကလဲ ယောက်ျားစကားကို လူပုံအလယ် မှာတစ်ချက်မှ မငြင်းဘူး(ငြင်းလို့လဲ ရဘူးလေ)။ အဲ့ဒါနဲ့ ကွမ်းယာ ဗန်းပေါ်ကျကျနန တင်ပြီး ခုခေတ်ဦးရှင်ကြီး တင်သလို ဆက်သသတဲ့။ ဦးရှင်ကြီးဆိုတာ စောင်းတီးတဲ့ နတ်လေ။ တစ်ချို့အိမ်တွေမှာ ရှိတယ်။ မြေထောက်စင်လေးနဲ့ တင်ရတာ ငှက်ပျောသီးတို့ ကောက်ညှင်းတို့ ကွမ်းတို့နဲ့ ဆက်သပြီး ပုလဲ ငွေမိုး သဲရေစို့ပါတဲ့ စောင်းတော်ကြီးသခင် နတ်ဦးရှင် ခင်ဗျာ............. အဲ့ နေဦး ဦးရှင်ကြီးကြေငြာက နောက်မှဝင်တော့မယ်။ လမ်းကြောင်းတွေ လွဲကုန်ပြီ။ အဲ့သလို မိဖုရားကြီးက ဆက်သတဲ့ ကွမ်းကို စားပြီး မနက်ဖြန် စစ်ပွဲအတွက် ဘုရင်က side war သုံးလိုက်တာ။ ကျွန်တော်လူလို တွေးမိတာကတော့ ညာခိုင်းတာ မြှောက်ခိုင်းတာပေါ့လေ။ ကျွန်တော်တွေးသလို လဂွန်းအိမ်လဲ တွေးမိရှာတယ်။(ဒီလူမဆိုးဘူး ငါ့လောက်နီးနီး ...... xxxx) နောက်ရက်ကျတော့ စစ်ချီမယ့် တပ်စုဖွဲ့ရာ အရပ်ကို ၀န်ကြီးနှစ်ပါး ကြွလာတယ်။ ဘုရင်က သွားချောင်းခိုင်းတာလဲ ဖြစ်ချင်ဖြစ်မပေါ့လေ။ အမတ်ဒိန်နဲ့ ဗြတ်ဇ ဆိုတဲ့ နှစ်ပါး ရောက်တော့ လဂွန်းက အိပ်တုန်း။ ခပ်တည်တည်ပဲ။ အဲ့ဒီတော့ အမတ်ဒိန်က ဟဲ့ ရေလဲတက်နေပြီ (ရေကြောင်းတိုက်ပွဲဆိုတော့ ရေတက်ရေကျနဲ့ လဲဆိုင်တယ်ခင်ဗျ) အမောင် ဘာ့ဇာကြောင့် စစ်မပြင် သေးသနည်း ဆိုပြီး ဘာညာကွိကွတွေနဲ့ ပြောတယ်။ မောင်လဂွန်းကလဲ အေးဆေးပဲ။အိပ်တုန်း။ အဲ့ဒါနဲ့ အနားကပ် နဖူးစမ်း လက်စမ်းလုပ်ကြလေတော့ ဖျားနာခြင်း အလျည်းမရှိ။ လုံးဝ ဒေါင်ဒေါင်မြည်။ မင်းနှယ် ဖျားနာမှု ကင်းပြီ ဘာစိတ်ကြောင့် ခွေခေါက်နေသလဲ မေးလေတော့ ငေါက်ကနဲ့ ........ ထ (အိပ်ရာထဲကနေ ထထိုင်ခြင်း) လက်အုပ်လေးချီ မှန်လှပါ ဘုရား ......... အစပြုလို့ လျှောက်ထားချက်က ဟောသလို....... "မနေ့ကပေါ့ မိဖုရားက ကွမ်းယာ လာကျွေးတယ် မဟုတ်လား။ အဲ့ဒီလို ကွမ်းလာပေးချိန်လေးမှာ ရင်ဝတ်တော်လျှော တာကို မြင်မိလို့ ရေလဲမသောက်နိုင် အစားလဲ မစားနိုင် မြင်တဲ့အတိုင်း စိတ်ယိမ်းယိုင်လို့ စစ်ချီဖို့ အရေး ၀န်လေးမိတယ်" ဆိုပါလေရော... ဒင်းနဲ့နော် ဒါလေးမြင်တာလေးနဲ့ ...... ခုခေတ်ကိုရီးယား စတိုင်လ် မြန်မာပြည်တွင်ထုတ်လုပ်တဲ့ အမျိုးသမီးများကို မြင်မိလို့ကတော့ .. ဟွန့်။ အဲ့ဒီကိစ္စကို ဘုရင်က မေးတယ်။ လဂွန်း စစ်မထွက်တာ ဘာကြောင့်လဲ။ အမတ်ဒိန်နဲ့ ဗြတ်ဇ မညာဝံ့ဘူး။ ဒီလိုပါ ဘုရား......လဂွန်းအိန်က မိဖုရားကို ♥♥♥ ပါဘုရား။ ဘုရင်က 'ဟယ် ....... အဲ့သလို .... ဟုတ်စ' ငါမိဖုရားကို မနှမြော မောင်လဂွန်းစိတ်ပျော့သည်ကိုသာ နှမြောသည်။ မိဖုရားကြီး ..... come on .. You go to the လဂွန်းအိန်။ မိဖုရား is cry. ဟေ့ မိဖုရား နိုနဲ့ ဆိုပြီး ဘုရင်က ချော့တယ်။ မိဖုရားလဲ လဂွန်းအိမ် အိပ်ရာဆောင်ထဲ ၀င်သွားရှာတယ်။ ဒန်... တန့် ......... ဒန်...... မိဖုရား ကြွလာတာလဲ မြင်ရော။ မောင်လဂွန်း ၀ုန်း ဆိုပြီး ထ ဒူးထောက် မိဖုရားကို အရိုအသေပေး sorry မိဖုရား I က ဘုရင့် သဘောထားကို ဆန်းစစ်တာ။ စိတ်မရှိပါနဲ့။ပြစ်မှားခြင်းအလျဉ်းမရှိပါ မယ်မယ်ဖုရား လို့ လျှောက်လိုက်တော့ မိဖုရားက ငါးသလဲထိုး အပြုံးလေး ပြုံးပြီး NVM ပါ လဂွန်းရယ် ခစ်ခစ်ခစ်....... never mind လို့ ဆိုလိုက်တဲ့ စကားအဆုံးမှာ ဦးသုံးကြိမ်ချပြီး စစ်စခန်းကနေ စစ်မြေပြင်ကို ချီတက်ခဲ့ပါလေတယ်။ ဒိန်း တပ်တပ် ဒိန်းတပ် တပ် ................... အဲ့သလို အကြီးအကဲက မိမိ အပေါ် ထားရှိတဲ့ သဘောထားတွေကိုလဲ ဖတ်ခဲ့ရတယ်။ အကြီးအကဲက လက်အောက်ငယ်သားတွေကို ထားရှိတဲ့ စိတ်စေတနာကိုလဲ သိခဲ့ရတယ်။ မယားကောင်းတစ်ယောက်ရဲ့ တိုင်းပြည်အကျိုး အတွက် အနစ်နာ ခံလိုတဲ့ စိတ်ကိုလဲ လေးစားရတယ်။ အိုး.................. သူရဲကောင်းတွေအကြောင်းသာ သိခဲ့ကြားခဲ့ အားကြခဲ့ရပါတဲ့ ငယ်ငယ်တုန်းက ငယ်ငယ်တုန်းက......... တွံ့တေးသိန်းတန် သီချင်းကို ကြားမိတယ်။ ခုများတော့ ....လဲ လဲ လဲ လဲ လဲ ။ တိုင်းပြည်တာဝန်ထမ်းဖို့ရယ် ထွေးညိုလေးရယ် သေးဆိုတာ မတ်တပ်ပေါက်ရတယ် (အဲ့လေ) အတွေးဆိုတာ ဖျောက်ဖျက်ပစ်ရတယ်။ ဟုတ်တယ် ထွေးညိုလေးရယ် အတွေးဆိုတာ ဖျောက်ဖျက်ပစ်ရမယ်။ ♥ÄrrgÄLÄung♥

Tuesday, July 14, 2009

ကိုယ့်နေရာနဲ့ကိုယ်

ခေါင်းစဉ်လေးကတော့ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် မိမိနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေလို့ ထင်ထား မြင်ထား မှတ်ယူထားတဲ့ လူတစ်ယောက်က နေရာတစ်ကာ ၀င်ပါခြင်တဲ့ စိတ်ကိုဖျောက်ပစ်ရမယ်ဆိုတဲ့ အတွေးလေး ၀င်သွားပါတယ်။ ဟုတ်တယ်ဗျ သိသလို နဲ့မသိ။ မသိသလိုနဲ့ သိနေတာကတော့ တစ်ခါတစ်လေ ကိုယ်တိုင်မသိတက်တဲ့ ကိစ္စတွေပေါ့ ဒီတော့ သက်ဆိုင်တယ်လို့ ခံယူမိရင်လဲ ကိုယ်အတွက်နေရာ ကိုယ်နဲ့တန်တဲ့နေရာမှာ နေရမယ်။အဲ့ဒီလိုမျိုး ငါသိတွေ ငါတက်တွေစုစည်းပေါင်းမိလို့ရှိရင် အသိချင်းမတူတာတွေက အန္တရာယ်တစ်ခုဖြစ်သွားတော့ ကိုယ့်နေရာ နဲ့ကိုယ်နေ .. ကိုယ့်နေရာနဲ့ကိုယ်နေ လို့ ကျွန်တော် ကိုယ့်ကိုကိုယ်ဆုံးမလိုက်တယ်ဗျာ။

Thursday, May 28, 2009

စိတ်ပူတက်တဲ့ အကျင့်ကိုဖျောက်

ကျွန်တော်တို့ အတော်များများ စိတ်ပူတက်ကြပါတယ်။ အလုပ်ကိစ္စ သားသမီးကိစ္စ၊ နောက်ပြီး အိမ်နီးနားချင်းတွေက ဘယ်လိုထင်ကြမလဲ စတဲ့ စတဲ့ စိတ်ပူစရာတွေ။ တချို့လူတွေက ခင်ဗျာစိတ်ပူသင့်တာပေါ့ လို့တောင် ပြောတက်ကြတယ်။ ဒါပေမယ့် စိတ်ပူတာဟာ ဘာမှ သုံးလို့မရတာထက်ပိုဆိုးတယ်။ ပထမ ကံကြမ္မာဆိုးတွေကို ဖိတ်ခေါ်တယ်။ ဒုတိယ သင့်ကျန်းမာရေး မကောင်းဘူး။ ဒါဆိုရင် စိတ်ပူစရာကို ဘာလုပ်သင့်သလဲ။ ရက်ရွှေ့လိုက်ပါ။ ပထမလုပ်စရာ ရှိတာကို အရင်လုပ်၊ စိတ်ပူစရာကို ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းပစ်လိုက်ပါ။ ဒါဟာ ဘ၀မှာ အကျိုးရှိအောင် နေတက်တဲ့ လူတွေနည်းပဲ။ စိတ်ပူချင်တယ်ဆိုရင် ကိုယ့်ကိုယ့်ကို မေးခွန်းထုတ်ကြည့် အခု စက္ကန့်ပိုင်း ပြဿနာက ဘာလဲ။ ဘာတွေ့ရမလဲ သိလား။ အသက်ကို ခြိမ်းခြောက်နေတဲ့ အခြေအနေမျိုးကလွဲလို့ သင့်မှာ ဘာပြဿနာမှ မရှိတော့ဘူး။ ဟုတ်တယ်။ ဒုက္ခ၊ သုတ္ခတွေ ဖြစ်တက်ပါတယ်။ ကြုံပါတယ် ကျွန်တော်လည်းပဲ။ နေထိုင်မကောင်းတာ ဖျားနာတာ ဖြစ်တက်ပါတယ်။ ငွေကြေးအခက်အခဲလဲ ကြုံနေရတာပဲ။ ဒါပေမယ့် ဒီလို အခက်အခဲတွေ ကြားထဲမှာ တုန်လှုပ်ခြောက်ခြားနေတဲ့ ယုန်တစ်ကောင်လို မိုးပြိုမှာ ကို ခြေနှစ်ချောင်းကြိုထောင်ပြီး ကာနေလို့ မရဘူးလေ။ အခက်အခဲ ကြုံလာတဲ့ အခါ အချိန်ပိုင်းလေးတွေမှာ တစ်ခုပြီး တစ်ခု ဖြေရှင်းနူိုင်ပါတယ်။ ရှေ့ဘာတွေဖြစ်မလဲလို့ ကိုယ့်စိတ်က ကြိုတွေးပူပန်တာကသာ ကိုယ့်ကို ဒုက္ခပေးတာပါ။ ကိုယ့်စိတ်ကလဲ ရှေ့လျှောက် ဘာဖြစ်မလဲဆိုတဲ့ အတွေးဆီကို ရောက်သွားတက်ကြတာကိုး။ လက်ရှိအချိန်မှာနေနေတယ်။ ဒီနေ့ကိုယ်လုပ်နိုင်တာက ဘာလဲ။ လုပ်လိုက်ပေါ့။ ပူပင်စရာတွေ ခေါင်းထဲက ထုတ်လိုက်။ ထုတ်ဆို ထုတ်ပစ်လိုက်။ ကိုယ့်ဘ၀ကိုယ် ပြန်ကြည့်။ အနေတော်ပါပဲ။ ကနေ့အထိ အသက်ရှင် နေလို့ မရတဲ့ အဖြစ်အပျက်မျိုး ရှိခဲ့ဖူးသလား။ မရှိခဲ့ဖူးပါဘူး။ ရှိခဲ့တယ် ဆိုလဲ ဒီစာကို ဖတ်နေတဲ့ အချိန်မှာ ခင်ဗျားတို့ အဲ့ဒါကို ကျော်ဖြတ်ပြီးသွားပြီ။ ပြန်လွမ်းမနေနဲ့တော့ ။လက်ရှိအချိန်မှာ သင်ကိုင်တွယ် ဖြေရှင်းနိုင်ပါတယ်။ ရှေ့ကို ကြိုပူပန်တာက ဒုက္ခပေးတာပါ။ စိတ်ပူစရာ ကြုံလာပြီဆိုရင် မပူသေးဘူး။နောက်မှ ပူမယ် ဆိုပြီး နေ့ရွှေ့ညရွှေ့လုပ်ပစ်လိုက်စမ်းပါ။ တစ်ယောက်ယောက်ကမေးမယ်။ အဲ့ဒီအတွက် စိတ်မပူဘူးလားလို့ ။ သူတို့ကို ပြန်ဖြေပေးလိုက်ပါ။ သိပ်စိတ်ပူတက်ချင်တာပေါ့။ ဒါပေမယ့် ခုအချိန်ထိ မကြုံဖူးသေးလို့လေ လို့ ဆိုပြီး တော့ပေါ့ဗျာ။

စိတ်ချမ်းသာမှုနဲ့ ယုံတမ်းစကာားတွေ

1990 ပြည့်လွန်နှစ် ကာလတွေတုန်းက သုတေသီ ရောနယ် အင်ဂလီဟက်က နိုင်ငံပေါင်း (၁၆)နိုင်ငံက လူပေါင်း ၁၇၀,၀၀၀ ကိုမေးမြန်းပြီး စိတ်ချမ်းသာမှု စစ်တမ်းကို ကောက်ယူခဲ့ဖူးပါတယ်။ လူတွေကို သူက ''ခင်ဗျားဘယ်လောက်ပျော်ရွှင်မှုရှိသလဲ၊ ကိုယ့်ဘ၀ကို ကျေနပ်မှုရှိရဲ့လား'' စတဲ့ မေးခွန်းမျိုးတွေကို မေးခဲ့တယ်။ သူသိချင်တာက လူတွေရဲ့ အသက်နဲ့ စိတ်ချမ်းသာမှု ဘယ်လို ဆက်စပ်မှုရှိနေသလဲ။ ဒါကြောင့် သူကောက်ယူခဲ့တဲ့ စစ်တမ်းမှာ အသက်အရွယ်အလိုက် အုပ်စုတွေ ခွဲခဲ့တယ်။ ၁၅နှစ်က နေ ၂၄နှစ် ၊ ၂၅နှစ်ကနေ ၃၄နှစ်၊၃၅နှစ်ကနေ ၄၄ စသဖြင့်............ ကောင်းပြီ။ဘယ်သူတွေ စိတ်မချမ်းသာဆုံးလို့ ထင်သလဲ။ ဆယ်ကျော်သက်တွေလား။ လူလတ်ပိုင်းတွေလား။ ဘယ်သူတွေ အပျော်ဆုံးလို့ထင်လဲ။ ဟောဒီမှာ စစ်တမ်းကောက်ချက်အရ တွေ့ရတာတွေကတော့........ ၁၅နှစ်-၂၄နှစ် ၈၁ရာခိုင်နူန်းက ဘ၀ကို ကျေနပ်တယ်။ ၂၅နှစ်- ၃၄နှစ် ၈၀ရာခိုင်နူန်းက ဘ၀ကို ကျေနပ်တယ်။ ၃၅နှစ်- ၄၄နှစ် ၈၀ရာခိုင်နူန်းက ဘ၀ကိုကျေနပ်တယ်။ ၄၅နှစ်- ၅၄နှစ် ၇၉ရာခိုင်နူန်းက ဘ၀ကိုကျေနပ်တယ်။ ၅၅နှစ်- ၆၄နှစ် ၇၉ရာခိုင်နူန်းက ဘ၀ကိုကျေနပ်တယ်။ ၆၅နှစ် နဲ့အထက် ၈၁ရာခိုင်နူန်းက ဘ၀ကိုကျေနပ်တယ်။ အသက်အရွယ် အုပ်စု အသီးသီးမှာ ထွက်လာတဲ့ ရလဒ်က အားလုံးနီးပါး ခပ်ဆင်ဆင်ဖြစ်နေတာကို တွေ့ရှိရပါတယ်။ အာရီဇိုးနားပြည်နယ် တက္ကသိုလ်က စိတ်ပညာရှင် ၀ီလျံစတော့နဲ့ မောရစ်အိုဂန်တို့လည်း စိတ်ချမ်းသာမှုနဲ့ ဆိုင်တဲ့ သုတေသနတစ်ခု သီးခြားလုပ်ခဲ့ရာမှ ရလဒ်က အထက်ကနီးပါးအတိုင်း သိပ်မကွာလှတာကို တွေ့ခဲ့ရပါတယ်။စိတ်ပညာလေ့လာချက် တစ်ရာကျော်ကို စုစည်းပြီး စိတ်ချမ်းသာခြင်းနဲ့ ဆိုင်တဲ့ ကောက်ချက်တစ်ခု ချခဲ့ရာမှာ အသက်အရွယ်ဟာ စိတ်ချမ်းသာမှုအပေါ် ၁ရာခိုင်နူန်းထက်ပိုပြီး သက်ရောက်မှု မရှိတာကို တွေ့ခဲ့ကြရတယ်။ လူကြီးတွေကို ဒုက္ခပေးတဲ့ ဆယ်ကျော်သက်အရွယ်နဲ့ အခက်အခဲတွေ အများဆုံးကြုံရတဲ့ လူလတ်ပိုင်းတွေ စိတ်ချမ်းသာမှု မရှိကြဘူးဆိုတဲ့ အရင်က ယုံတမ်းစကားတွေ ဘယ်လိုပဲရှိရှိ အသက်အရွယ်ဟာ သင့်ရဲ့စိတ်ချမ်းသာမှုနဲ့ ဘာမှ မဆိုင်ဘူး။
စိတ်ချမ်းသာမှုဟာ အသက် ငယ်တာ ကြီးတာနဲ့ မဆိုင်၊
သင့်ရဲ့စိတ်နေ စိတ်ထားပေါ် မူတည်ပါတယ်။

Wednesday, May 27, 2009

အခက်အခဲတွေနဲ့ကြုံရတဲ့အခါ

ဘ၀မှာ ခက်ခဲကြမ်းတမ်းမှုတွေနဲ့ ကြုံရတဲ့အခါ ဘယ်လိုရှင်သန်အောင် နေထိုင်သလဲ။ ပူဆွေးဝမ်းနည်းစရာတွေနဲ့ ကြုံတွေ့ရတဲ့အခါ၊ အထီးကျန်တဲ့အခါ ဒါမှမဟုတ် ငွေကြေးပြတ်တဲ့အခါ ဘယ်လို ရပ်တည်နေနိုင်သလဲ။ တောင်တက်သလိုပဲ သင့်ရဲ့အခက်အခဲတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ပါတယ်။ တောင်တက်တဲ့အခါ တကယ်လို့များ တောင်စွန်းတစ်နေရာမှာ ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်နေတဲ့ အခါမျိုးမှာ သင်ဟာ လောလောဆယ် အခြေအနေကိုပဲ ချက်ချင်းအာရုံ စိုက်လိုက်တယ်။ ရှေ့ဆက်တက်ဖို့ ဘယ်လောက်ကျန်သေးလဲ မေ့ပစ်လိုက်။ သင့်ရဲ့ကြိုးစားအားထုတ်မှုဟာ နောက်တစ်လှမ်း ထပ်လှမ်းနိုင်ဖို့ပဲ။ ခြေလှမ်းတစ်လှမ်း အရင်လှမ်းလို့ ရပြီဆိုရင် နောက်ထပ်ခြေတစ်လှမ်း တစ်လက်မပြီး တစ်လက်မ။ တစ်နေ့တစ်လံ ပုဂံဘယ်မရွေ့ဆိုသလို အကျဉ်းအကျပ်ထဲက ရုန်းထွက်နိုင်မှာပါ။ နေ့စဉ်ဘ၀ခရီးမှာလဲ ဒီလိုပဲပေါ့။ ခက်ခဲတဲ့ အခြေအနေမျိုးနဲ့ ကြုံရတဲ့အခါ လောလောဆယ် အချိန်ကိုပဲ အာရုံစိုက်ပါ။ တစ်ကြိမ်မှာ ပြဿနာ တစ်ခုတည်းကိုပဲ ကိုင်တွယ်ဖြေရှင်းပါ။ တစ်လှမ်းစလှမ်း ယုံကြည်ချက်နည်းနည်း ရလာမယ်။ နောက်တစ်လှမ်း ဆက်လှမ်း။ ပြီးတော့ နောက်ထပ်တစ်လှမ်း။ နောက်ဆုံးတော့ အဆိုးဆုံးတွေကို ကျော်လွှားသွားနိုင်တာကို တွေ့ရမယ်။ သင့်အနေနဲ့ ဒါတွေကို စိတ်ပူရမယ် ဆိုပါစို့။ နောက်လမှာ လုပ်စရာရှိတာတွေ ဒါမှမဟုတ် နောက်နှစ်မှာ ဖြစ်နိုင်တဲ့ အမှားအယွင်းတွေ ဒါတွေကို တွေးပူနေလို့ကတော့ ရူးရုံပဲ ရှိမယ်။ ဒါပေမယ့် တစ်နေ့တာ ကိစ္စကို ကိုင်တွယ် ဖြေရှင်းနိုင်ပါတယ်။ ၂၄ နာရီပေးဖို့ အချိန်အခက်အခဲရှိနေမယ် ဆိုရင် တစ်နေ့၅မိနစ် အချိန်ပေးဖြေရှင်းလိုက်ပါ။
ကိုယ်လုပ်နိုင်တာကတော့ မျက်လုံးစုံပိတ် မအိပ်ခင်မှာ အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ပါ။မနက်ဖြန် သူ့ဘာသာ ဖြစ်သွားလိမ့်မယ်။

Tuesday, May 26, 2009

Happiness Now (Andrew Matthews)

ငြိမ်းငြိမ်းချမ်းချမ်း ပျော်ပျော်ရွှင်လို့ အမည်ရတဲ့ Happiness Now (Andrew Matthews)စာအုပ်ကို ဆရာကျော်ဌေး(ဘီအေစီ) ကဘာသာပြန်တယ်။ကျွန်တော်သူငယ်ချင်းမကြီး မအေးအောင်က ကျွန်တော်အတွက် လက်ဆောင်ပေးတယ်။ ကျွန်တော်ဖတ်တယ်။ခုကျွန်တော် blog ရေးလို့ရတဲ့ အချိန်မှာ အားလုံးကို ပြန်မျှတယ်။ ကူးချတယ်ဆိုလဲ ဟုတ်တယ်။ ကူးပြတယ်ဆိုလဲ မမှားဘူး။ ကျွန်တော်စေတနာ သက်သက်ပါပဲ ဘယ်သူ့ကိုမှ နစ်နာ စေတော့လို့မဟုတ်ပါဘူး။ ဒီနေရာကိုရောက်လာတယ် ဖတ်ဖြစ်တယ် ဆိုမှ သိမယ့် အသိတွေမို့လို့ပါပဲ။ ခုဖတ်နေတဲ့ သူငယ်ချင်းရဲ့စိတ်ထဲမှာ တစ်ခုခုကျန်မယ်။ မြင်မယ်ဆိုရင် မူရင်းစာရေးဆရာရော၊ ဘာသာပြန်စာရေးဆရာပါ ကျေနပ်မယ်လို့ထင်ပါတယ်။ ကျေးဇူးတင်ပါတယ်။ သင့်ရဲ့အတွေးအခေါ် ဒဿန မထူးဆန်းဘူးလား။လူတိုင်း စိတ်ချမ်းသာချင်ကြတယ်။ ဒါပေမယ့် စိတ်ချမ်းသာအောင် ဘယ်လိုနေရာမှာ သွားပြီး လေ့လာဆည်းပူးရမလဲ။ကျွန်တော်တို့ မွေးဖွားလာကြတယ်။ ကျောင်းသွားကြတယ်။ ကျွန်တော်တို့ သင်္ချာဘာသာ ကိုလေ့လာကြတယ်။ ခန္ဓာကိုယ်ထဲက သွေးနီဥ ဆဲလ်တွေမှာပါတဲ့ ဟေမိုဂလိုဘင်နဲ့ ဟိမ၀န္တာတောင်တန်းတွေ အကြောင်း လေ့လာကြတယ်။ ကျွန်တော်တို့ စိတ်ချမ်းသာမှုအကြောင်း ဘယ်နှစ်ခါ လေ့လာဘူးခဲ့သလဲ။ အရင်တုန်းက ကိုယ့်ဘာသာ ပြန်မေးမိတယ်။"ဘာကြောင့် တချို့လူတွေက အမြဲပျော်ရွှင်နေပါလိမ့်"။ ကျွန်တော် မတွေးတက်အောင်ပဲ။ ''ပျော်ရွှင်နေတဲ့ လူတွေဟာ တခြားလူတွေထက် ပိုတော်၊ ပိုတက်၊ ပိုထူးချွန် လို့ပဲလား။ ဒါမှမဟုတ် စိတ်မချမ်းမသာ နေသင့်တယ်လို့ သဘောပေါက် နားလည်ထားလောက်အောင် သူတို့မိုက်မဲလွန်းလို့ ပဲလား။ ဒီအကြောင်း နောက်မှ ကျွန်တော်ပြောတော့မယ်။ ငယ်စဉ် ကလေးဘ၀တုန်းက ရှေ့အနာဂတ်အရေး စိတ်ကူးယဉ်ခဲ့ဖူးတယ်။ အဲ့ဒီအချိန်လည်း ရောက်ရော မကြာခဏ စိတ်ပျက်မိတော့တာပဲ။ ဘ၀ဆိုတာ ကိုယ်ထင်တာထက် အခက်အခဲတွေ ပိုများနေတာကို တွေ့လာရတယ်။ ကျွန်တော်သိချင်တာက.......... ' ဘာကြောင့်များ တခြားလူတွေ နှစ်လိုဖွယ်ကောင်းတဲ့ ဘ၀တွေမှာ နေနိုင်ကြသလဲ' ' ဘာကြောင့်များ တခြားလူတွေ ကိုယ့်ထက်ပို ပျော်ရွှင်နေကြသလဲ' ကျွန်တော် စာအုပ်တွေ ဖတ်တယ်။ တွေးခေါ်ပညာရှင်ကြီးတွေရဲ့ အဆိုအမိန့်တွေ ဖတ်တယ်။ စိတ်ချမ်းသာမှုကို အဲ့ဒီမှာရှာလို့ရမယ်လို့ ကျွန်တော်တွက်ဆခဲ့တယ်။ ဒီလိုနဲ့ skeptics အမည်ရှိတဲ့ ရှေးခေတ်ဟောင်း ဂရိတွေးခေါ်ရှင် အုပ်စုရဲ့ အဆိုအမိန့် ကို ကျွန်တော်တွေ့တယ်။ သူတို့ရဲ့အဆိုက "ဘာကိုမှ မယုံကြည်မှသာ စိတ်ရဲ့ ငြိမ်းချမ်းမှု အစစ်အမှန်ကို ရနိုင်မှာ ဖြစ်တယ်" လို့ဆိုတယ်။ အဲ့ဒီစာသားကို ဖတ်ပြီးတော့ အဲ့ဒီစာတွေကို ကျွန်တော်တို့ ဘယ်လို ယုံကြည်ရမှာလဲ။ ဒဿနိက ပညာရှင်ကြီး ဆိုကရေးတီး ရဲ့ အကြောင်းနဲ့ ကာဂီရပ်စ် တို့ အကြောင်းကျွန်တော်ဖတ်တယ်။ (က) ဘယ်အရာမှ အမှန်တကယ် မရှိဘူး။ ဒါကြောင့် (ခ ) တစ်ခုခုဆိုတာ ရှိခဲ့ရင် သင်သိမှာမဟုတ်ဘူး။ ဒါကြောင့် (ဂ ) သင်လည်းမရှိဘူး။ ကဲ စာဖတ်သူရယ်........ အဲ့ဒီ ပညာရှင်ကြီးများရဲ့ အဆိုအမိန့်ကို ဒီခေတ်မှာ ဘယ်လိုအသုံးချလို့ ရမလဲ ပြောပြခဲ့ပါဦး။ စဉ်းစားကြည့်ပါ။ လမ်းပေါ်မှာ ယာဉ်ထိန်းရဲတစ်ယောက်က သင့်ရဲ့ကားကိုရပ်ခိုင်းပြီး "ညီလေး မင်းကားကို ဘာကြောင့် မြန်မြန်မောင်းနေရတာလဲ၊ လိုင်စင်ပြပါ" လို့ ပြောတဲ့ အခါ သင်က "မော်တော်ပီကယ်ရယ် ခင်ဗျားက တကယ်မရှိပါဘူး" လို့ပြောလို့ရမလား။ စခန်းရောက်မှ ရှင်းကိုယ်တို့ကားပေါ်တက်ဆိုပြီး ကံမကောင်း ရင် ၀တ္တရား နှောက်ယှက်မှုနဲ့ ချုပ်ခံရဦးမယ်။ ဒဿနိကတွေးခေါ်ပညာရှင်တွေနဲ့ ပတ်သက်လို့ ကျွန်တော်သတိပြုမိတာ နှစ်ခုရှီတယ်။ (က) သူတို့ တော်တော်များများ ပျော်ရွှင်မှု မရှိကြဘူး။ (ခ ) များသောအားဖြင့် သင်္ချာပညာရှင်တွေ ဖြစ်ကြတယ်။

ဗိုလ်ချုပ်အောင်ဆန်း

ung-san-with-his-wife-and-children-1946-on-the-left-his-daughter-the-later-noble-prize-laureate-aung-san-suu-kyi

family

as1

_41692740_child_ap

as31

generalaungsan

9904-bogoke-aung-san-01

as6

as5

6

as8